Wednesday, June 21, 2017

ကျနော့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် ...

အခုအချိန်ထိ ပြည်သူတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ကျေးဇူး (ဆရာဦးဝင်းတင် ပြောသလိုပြောရရင်) မူးလို့တောင် ရှူစရာမရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ NLD အာဏာယူနိုင်ရေးအတွက် ဘ၀အပျက်ခံ၊ ထောင်ကျတန်းကျခံ၊ အသက်အသေခံ ပေးဆပ်ခဲ့တဲ့ ပြည်သူတွေရဲ့ကျေးဇူးရယ်၊ တာဝန်သိသိ မဲ ၃ ကြိမ်ပေးပြီး ထမ်းပိုးပေးခဲ့တဲ့ ပြည်သူတွေရဲ့ကျေးဇူးရယ်ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ရှိတယ်လို့ မြင်ပါတယ်။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ပြည်သူတွေကို ၆၆(ဃ)နဲ့ စပြီး ကျေးဇူးဆပ်နေပြီလားမသိ။

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
ည ၈း၃၆ နာရီ
၂၁ ဇွန် ၂၀၁၇

3 comments:

Htein Linn said...

So what you want to do? Please don't say like this!

Unknown said...

မျက်ကန်းလား..အသိမကန်းသင့်ပါ..။

Htein Linn said...

You only write anyhow/ nonsense.